လုပ်ငန်းတစ်ခု စစချင်းမှာ စရိတ်ချွေတာချင်ကြတာ သဘာဝပါ။
အများကြီးမလိုသေးဘူး Free version ပဲသုံးထားပါအုံးမယ်
လုပ်ငန်းက မထင်မှတ်ဘဲ အရှိန်နဲ့ ကြီးလာတဲ့အခါ (Scaling Up) မှာ ပြဿနာက စတက်ပါတော့တယ်။
ဘာတွေဖြစ်လာမလဲ?
Data Silos - အချက်အလက်တွေ တကွဲတပြားဖြစ်ကုန်ခြင်း
Sheet တွေ အများကြီး ခွဲသုံးရနဲ့ Data တွေက နေရာတကာ ပြန့်ကျဲကုန်ပါတယ်။
ဘယ် Data က အမှန်လဲ? ဘယ် Customer က ဘယ်လောက်ဖိုး ဝယ်ထားလဲ?
ဆိုတာကို ပြန်ပေါင်းကြည့်ဖို့ (Consolidate လုပ်ဖို့) အရမ်းခက်သွားပါပြီ။
Data Security & Control - အချက်အလက်တွေလုံခြုံမှုမရှိတော့ခြင်း
Free Version တော်တော်များများမှာ "ဘယ်သူက ဘာကို ကြည့်ခွင့်ရှိတယ်"
ဆိုတဲ့ Permission တွေ သတ်မှတ်လို့ မရပါဘူး။
ဝန်ထမ်းအသစ် ခန့်လိုက်တာနဲ့ ကိုယ့် Customer Data
အကုန်လုံးကို ပေးသိလိုက်ရသလို ဖြစ်သွားတတ်ပါတယ်။
Migration Nightmare - ပြောင်းလဲရခက်ခဲခြင်း
"မဖြစ်တော့ဘူး... Software ဝယ်သုံးတော့မယ်" လို့
ဆုံးဖြတ်လိုက်တဲ့အချိန်မှာ၊ ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြန့်နေတဲ့ Data တွေကို
စနစ်သစ်ထဲ ထည့်ဖို့က ခေါင်းခဲစရာ အကောင်းဆုံးပါပဲ။
အချက်အလက်တွေ မစုံတာ၊ Format မမှန်တာတွေကြောင့်
Software ဖိုးထက် Data Cleaning Cost က ပိုများသွားတတ်ပါတယ်။
Free Version သုံးတာ မမှားပါဘူး။
ဒါပေမဲ့ "Exit Strategy" (ထွက်ပေါက်) ရှိထားဖို့ လိုပါတယ်။
- "Data ပမာဏ ဘယ်လောက်ရောက်ရင် စနစ်ပြောင်းမလဲ?"
- "အခုသုံးနေတဲ့ Free Tool ကနေ Data တွေကို Excel/CSV နဲ့ Export ထုတ်လို့ လွယ်ရဲ့လား?"
စကတည်းက ဒါတွေကို မျှော်တွေးပြီး စီစဉ်ထားမှသာ
လုပ်ငန်းကြီးလာတဲ့အခါ "Data ထိန်းမနိုင် သိမ်းမရ" ဖြစ်တဲ့ ဒုက္ခကနေ ကင်းဝေးမှာပါ။